Sunday, June 10, 2012

Center for Myanmar Media Development Journalism School

ဒီနေ့ ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တော့ ဆရာမောင်ဝံသဖေ့စ်ဘွတ်ခ်မှာသတင်းတခုတွေ့လိုက်ရတယ်။ ကျနော့်အတွက် အတိုင်းမသိပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာတဲ့ သတင်းတခုပါ။ ဆရာက သတင်းစာပညာ သင်တန်းဖွင့်လှစ်ဖို့အတွက် ၀ါသနာပါသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်ဆိုတဲ့ သတင်း တင်ထားပါတယ်။
ဆက်သွယ်စုံစမ်းဖို့ ဆရာဖုန်းနံပါတ်လည်း ပါတယ်။ ဒီတော့ ဆရာ့ဆီဖုန်းဆက်ပြီး စုံစမ်းမိတယ်။ ဆရာက CV ဖောင်ပို့ပေးဖို့ပြောပါတယ်။ ပြီးတော့ ဘယ်မှာနေလဲ မေးတယ်။ အင်းစိန်မှာနေတာ ဆရာ…လို့ ပြန်ဖြေတော့ ဆရာက သင်တန်းချိန် ၈နာရီဆိုတော့ အရောက်လာနိုင်ပါ့မလားလို့ မေးတယ်။ အရောက်လာနိုင်ပါတယ် ဆရာ… လို့ စိတ်အားထက်သန်စွာနဲ့ ဖြေလိုက်မိတယ်။
ချက်ခြင်းပဲ ဆရာ့အီးမေးလ်ထဲကို CV ဖောင် ပို့လိုက်ပြီး မကြာခင်ပဲ ဆရာ့ဆီက Reply ပြန်လာတယ်။ မေလနောက်ဆုံးပတ် မတိုင်ခင် သင်တန်းတက်ခွင့်ရမရ အကြောင်းပြန်မယ်လို့ ပြောထားတယ်။ အဲဒီအချိန်မှာ သင်တန်းတက်ခွင့်မရခဲ့ရင်ဆိုတဲ့ စိတ်က ကျနော့်ကို အလွန်အမင်းခြောက်လန့်ခဲ့တယ်။
ဆရာ့ဆီကို CV ဖောင်ပို့ပြီး နှစ်ရက်လောက်ကြာတော့ ကျနော့်မေးလ်ထဲကို ဆရာ့ဆီက အီးမေးလ်ရောက်နေတာ တွေ့လိုက်ရတယ်။ စိတ်လှုပ်ရှားစွာနဲ့ အဲဒီအီးမေးလ်ကို ဖွင့်လိုက်မိတယ်။ အီးမေးလ်က သင်တန်းတက်ခွင့်ရတယ်ဆိုတဲ့ အကြောင်း ပြီးတော့ အချိန်ရရင် ဇွန်လလေးရက်နေ့ သင်တန်းကို မစောင့်ဘဲ အခု ပထမဆုံးဖွင့်တဲ့ အပတ်စဉ်သင်တန်းမှာ Journalism English စသင်နေလို့ အရေးကြီးတဲ့ သင်ခန်းစာဖြစ်တာမို့ အချိန်ရရင် တက်စေချင်တဲ့အကြောင်း ရေးထားပါတယ်။
ဆရာ့ဆီကို အီးမေးလ်ကတဆင့် ချက်ခြင်းပဲ ၀မ်းသာအားရ အကြောင်းပြန်မိတယ်။ ဆရာပြောသလိုပဲ ဇွန်လ ၄ရက်နေ့အထိ မစောင့်ဘဲ အခုသင်တန်းကစပြီး တက်ပါ့မယ်ဆိုတဲ့အကြောင်းပါ။
သင်တန်းကို ၁၄.၅.၂၀၁၂ရက်နေ့မှာ စတက်ခဲ့တယ်။

No comments:

Post a Comment