ယုန်ကလေးက ကိုကြီးရဲ့ ယုန်ကလေးဆိုရင်
ကိုကြီးက ယုန်ကလေးရဲ့ လမင်းကြီးဖြစ်လိမ့်မယ်..
လမင်းဆိုတာ ယုန်ကလေးဘယ်သွားသွား အနားမှာ လိုက်ပါနေတာ မဟုတ်လား...
ကိုကြီးက မေ့တတ်တယ်ဆိုပေမဲ့ ယုန်ကလေးနဲ့ ပတ်သက်သမျှကိုသာ သတိရဆုံးလို့ ကိုကြီးက ဆိုရင်...
ယုန်ကလေးက ကိုကြီးနဲ့ပတ်သက်ရင် အသေးစိတ်ကအစ သတိရနေတာက ယုန်ကလေးရဲ့ အားနည်းချက်ဖြစ်မယ်။
ကိုကြီးနဲ့ နေရာတိုင်းမှာ ယုန်ကလေးရှိတယ်လို့ ကိုကြီးကဆိုရင်...
ယုန်ကလေးရဲ့ စိတ်၊ ခန္ဓာ အားလပ်ချိန်တိုင်း တွေးနေမိတာ ကိုကြီးအကြောင်းပါ။
စိတ်ကောက်တတ်တဲ့ ယုန်ကလေးလို့ ကိုကြီးက ဆိုရင်..
ဒီကမ္ဘာမှာ ယုန်ကလေး တစ်ရက်ထက်ပိုပြီး စိတ်ဆိုးလို့ မရတာ ကိုကြီးတစ်ယောက်ပဲ ရှိတယ်။
အငေါက်အငမ်းထူတဲ့ ကျောက်တန်းသူလို့ ကိုကြီးကဆိုရင်..
ဂရုဏာဒေါသောနဲ့ ပြောတဲ့ စေတနာအမှားတွေလို့ ယုန်ကလေးတော့ ချေပမှာပဲ။
၁၁၅ပေါင်ပြည့်အောင် စားပါလို့ ကိုကြီးက ဆိုရင်...
ကိုကြီးသာ ပေါင် ၁၅၀ဖြစ်အောင် ၀ိတ်ချပါလို့ ယုန်ကလေးတော့ ပြန်ပြောမိမှာပဲ။
နှုတ်စကားကြားမှ ယုံလိုသူကလေးလို့ ကိုကြီးက ဆိုရင်...
ရိုးမသွားနိုင်တဲ့ စကားတွေကို ကိုကြီးခဏခဏပြောပါလို့ တောင်းဆိုမိမှာပါပဲ။
ယောက်ျားလျာလေးလို့ ကိုကြီးကဆိုရင်...
အဲ့ဒီယောက်ျားလျာလေးအဖြစ်က လွတ်မြောက်သွားတာ ကိုကြီးကြောင့်ဖြစ်မယ်။
ချစ်သူသိစေ သီချင်းနားထောင်ပြီး ယုန်ကလေးကို သတိရတယ်လို့ ကိုကြီးက ဆိုရင်...
ကိုကြီးပေးထားဖူးတဲ့ သီချင်းတွေကို ဖြတ်သွားဖြတ်လာ လမ်းသွားရင်း ကြားမိရင်တောင် သတိရစိတ်နဲ့ မျက်ရည်ဝဲမိတာ ယုန်ကလေးပါ။
ဒါပေမဲ့လည်းလေ
ကျနော်တို့တွေက ၃နဲ့ ၄လို ဘ၀တွေပါ။
ဆုံနိုင်ခွင့်ဆိုတာကိုလည်း ကျနော် မမျှော်လင့်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျနော့်မှာ အရာရာကို ခွင့်လွှတ်သည်းခံပေးခဲ့တဲ့ ကိုကြီးတစ်ယောက်ရှိတယ်။
No comments:
Post a Comment